Monday, June 12, 2017

Microsoft မှဖန်တီးသော ခန္ဓာကိုယ် ကို စမတ်ဖုန်းလို သုံးနိုင်မည့်နည်းပညာ

Posted by Mg Kyaw Thet  |  at  June 12, 2017

2010 ခုနှစ်က ပြသပြီး ကမ္ဘာ့နည်းပညာလောကတစ်ခုလုံးကို တုန်လှုပ်စေခဲပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း လက်ကိုထိတွေ့မျက်နှာပြင်အဖြစ် အသုံးပြုခြင်းကို လက်တွေ့ပြသခဲ့လို့ ဆုများလည်း ရရှိပါတယ်။ ယခု ယင်းနည်းပညာကို ပြန်လည် Upgrade လုပ်နေပါပြီ၊ နောက်ဆိုရင် လူတိုင်းလက်မှာကိုင်ရတဲ့ ဖုန်း၊ စားပွဲပေါ်တင်ရတဲ့ကွန်ပျူတာ၊ လပ်တော့နဲ့ အခြားသောအီလက်ထရောနစ်ပစ္စည်းနေရာအတော်များများမှာ လွှမ်းမိုးလာမယ်လို့ ယုံကြည်ထားကြပါတယ်။ ယင်းနည်းပညာ ဘယ်လိုအလုပ်လုပ်မလဲဆိုတာ လူတိုင်းစိတ်ဝင်စားပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံက ဒီလိုဖြစ်ပါတယ်။
လက်မောင်းမှာ ဥပမာ ပေးပြပါတယ်။ ခန္ဒာကိုယ်  အရေပြားကို တစ်ခုခုနဲ့ ထိခိုက်လိုက်တဲ့အခါ အသံလိုင်း၊ တုန်ခါမှုများဖြစ်ပေါ်စေပါတယ်၊ ဥပမာ ငြိမ်နေတဲ့ ရေကန်ထဲကို ခဲလုံး ပစ်ချသကဲ့သို့ ဖြစ်ပြီး လက်မောင်း တစ်နေရာကို လက်ညိုးနဲ့ အသာလေးတောက်တဲ့အခါ သူ့ကြောင့် Sound Wave နဲ့ Vibration ဟာ ပြန့်နှံ့သွားပါတယ်။ ဒီတော့ ကိုယ့်မှာ ယင်း အသံလှိုင်းနဲ့ တုန်ခါမှုကို ခြေရာခံမယ် စက်သေးသေးလေး တစ်ခုတော့ တပ်ထား၊ ပတ်ထားဖို့လိုပါမယ်၊ 28 MHz လို့လို Frequency ကိုတောင် ခြေရာခံပြီး respond လုပ်မှာ ဖြစ်ပါတယ်။
ဒီတော့ အသားအရေကို Projector မျက်နှာပြင်လို အသုံးပြုမှာမို့ အလင်းရောင်သက်သက်ပဲ ဖြစ်ပါတယ်။ ဘာလေဆာ ရောင်ခြည်မှမပါပါဘူး။ ယင်းပရိုဂျက်တာထိုးထားတဲ့ အလင်းရောင် နေရာမှာ အသံလိုင်း Frequency အနိမ့်အမြင့် မျိုးစုံ ပေးစွမ်းခြင်းဖြင့် Body user interface တစ်ခု ဖြစ်ပေါ်လာစေဖို့ဖြစ်ပါတယ်။
အထက်ပါ ရှင်းလင်းပြသမှုက အကြမ်းဖျင်းပဲ ရှိပါတယ်။ ဒါကို မိုက်ခရိုဆော့ဖ်မှ နက်နက်နဲနဲကို လေ့လာသုသေတနပြုလုပ်လို့ ဖန်တီးနေပါတယ်။ မိုက်ခရိုဆော့ဖ်ဆိုပေမဲ့ အပြင်က အင်ဂျငက်နီယာများဖြစ်ပြီး မိုက်ခရိုဆော့ဖ်ရဲ့ ဓါတ်ခွဲခန်းကို အသုံးပြုခြင်း မျှသာ ဖြစ်ပါတယ်။ ဒီတော့ ထွက်လာမဲ့ ထုတ်ကုန်ပစ္စည်းက Microsoft နဲ့တော့ တိုက်ရိုက်ဆက်စပ်နေပါတယ်။
အနာဂတ်မှာ အသုံးပြုရမယ့် အိုင်တီ Gadget များဟာ ရုပ်ရှင်တွေထဲကလိုပဲ လက်ဖ၀ါးတွေ၊ လက်မောင်းတွေနဲ့ အခြား ခန္ဒာကိုယ် အရေအပြားနေရာ များမှာသာ ဖြစ်တော့မှာဆိုတော့ နည်းပညာလောကသားတိုင်း စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိကြောင်း သိရပါတယ်။

Ref: mircosoft,wiki
Aung Kham (TSJ team)
TechSpace Journal









Tagged as:
About the Author

Write admin description here..

0 comments:

Pray Time

Read Quran Online






back to top