မြန်မာ ဘာသာ ဖြင့် ဒိုအာတောင်းနည်း
---------------------------------------------------
-Allah humma. Aameen
အို_အလ္လာဟ်
ကျွန်တော်မျိုးမရဲ့ အပြစ်ဂိုနဟ်တွေကို ခွင့်လွှတ်တော်မူပါ...
နေ့မှာ ဖြစ်စေ ~ ညမှာ ဖြစ်စေ
အလင်းမှာ ဖြစ်စေ ~ အမှောင်မှာ ဖြစ်စေ
သိလျက်နဲ့ ဖြစ်စေ ~ မေ့မှားပြီး ဖြစ်စေ
တစ်ဦးထဲ ဖြစ်စေ ~ အုပ်စုလိုက် ဖြစ်စေ
ကိုယ်ထိလက်ရောက် ဖြစ်စေ ~ စိတ်ကူးနဲ့ ဖြစ်စေ
ကျူးလွန်ခဲ့မိတဲ့ ဂိုနဟ် ဆွဂီရဟ် , ဂိုနဟ် ကဗီရဟ် အားလုံးကို မအ်ဖ်လုပ်တော်မူပါ.အို_အလ္လာဟ်
ကျန်ရှိသက်တမ်းမှာ အလ္လာဟ်အရှင်မြတ် အမိန့်တော်တွေ အားလုံးကို တမန်တော်မြတ် (ဆွ) ရဲ့ စွန္နသ်တော်အတိုင်း နာခံခွင့် ချီးမြှင့်တော်မူပါ...အို_အလ္လာဟ်
မိမိ စိတ်ကြိုက် ဘဝ သက်တမ်းကို နေခဲ့ခြင်းမှ မအ်ဖ်လုပ်တော်မူပါ...
အလ္လာဟ်အရှင် ကျေနပ်နှစ်သက်တဲ့ ပုံစံအတိုင်း ကျန်ရှိ သက်တမ်းကို ကုန်ဆုံးနိုင်စွမ်း ပေးသနားတော်မူပါ...
အို_အလ္လာဟ်
ဆွဟာဗဟ်တွေကတော့ ကောင်းတဲ့ အသိုင်းအဝိုင်းကို ရရှိခဲ့ပါတယ်...
ကျွန်တော်မျိုးမတို့ ပတ်ဝန်းကျင်ကတော့ ဂိုနဟ်နဲ့ အသိုင်းအဝိုင်းပါ...
အလ္လာဟ် ထိန်းသိမ်းတော်မူပါ...အို_အလ္လာဟ်
အမျိုးသားတွေကိုလည်း ထိန်းသိမ်းတော်မူပါ...
အမျိုးသမီးတွေကိုလည်း ထိန်းသိမ်းတော်မူပါ...
ကလေး သူငယ်များကိုလည်း ထိန်းသိမ်းတော်မူပါ...
ကောင်းတဲ့ အသိုင်းအဝိုငချီးမြသူတောင်းစားပါ
အို_အလ္လာဟ်
မိဘ ၊ ဆရာသမားတွေရဲ့ အပြစ်တွေကို မအ်ဖ်လုပ်တော်မူပါ...အို_အလ္လာဟ်
ကလိမဟ်နဲ့ ကိုက်ညီတဲ့ ဘဝသက်တမ်းကို ချီးမြှင့်တော်မူပါ...
ကလိမဟ်ရဲ့ ဟကီကသ်ကို ချီးမြှင့်တော်မူပါ
အို_အလ္လာဟ်
တမန်တော်မြတ် (ဆွ) ရဲ့ စွန္နသ်တော် အတိုင်း ဘဝဇင်ဒဂီကို ကုန်ဆုံးနိုင်တဲ့ သက်တမ်း ချီးမြှင့်တော်မူပါ...
စွန္နသ်တော်တွေ သင်ယူဆည်းပူးပြီး သူ့နေရာနှင့်သူ ဖတ်ရွတ်နိုင်စွမ်း ပေးသနားတော်မူပါ...အို_အလ္လာဟ်
နမာဇ် (၅) ကြိမ် ကို စွဲစွဲမြဲမြဲ ဖတ်နိုင်စွမ်း ပေးသနားတော်မူပါ...
ဂျမအသ် နှင့် တကွ ဖတ်နိုင်စွမ်း ချီးမြှင့်တော်မူပါ...
သတ်က်ဗီးရ်အူလာ နှင့် ဖတ်နိုင်စွမ်း ချီးမြှင့်တော်မူပါ...
ဆွဖ်ဖေအူလာမှာ ဖတ်နိုင်စွမ်း ချီးမြှင့်တော်မူပါ...
အသက်ပါတဲ့ နမာဇ် ဖတ်နိုင်စွမ်း ချီးမြှင့်တော်မူပါ...
အလ္လာဟ်ရဲ့ ဒဟ်ယာန်နဲ့ တကွ ဖတ်နိုင်စွမ်း ချီးမြှင့်တော်မူပါ...အို_အလ္လာဟ်
အေလင်မ်ရဲ့ နူရ်ကို ချီးမြှင့်တော်မူပါ...
ဇိကိရ်ရဲ့ နူရ်ကို ချီးမြှင့်တော်မူပါ...
ဂျဟာလသ်ကို အလ္လာဟ် ခတမ် လုပ်တော်မူပါ...
အစ်ကရာမ်ရဲ့ အရည်အချင်း ချီးမြှင့်တော်မူပါ
အို_အလ္လာဟ်
ကျွန်တော်မျိုးမတို့ရဲ့ အခ်လားက်ကို မြင့်မားအောင် လုပ်ပေးတော်မူပါ...
မွတ်စ်လင်မ်ရဲ့ တန်ဖိုး ကျွန်တော်မျိုးမတို့ရဲ့ နှလုံးသားထဲ ထည့်ပေးတော်မူပါ...
မွတ်စ်လင်မ်ရဲ့ ဂုဏ်သိက္ခာ ကျွန်တော်မျိုးမတို့ရဲ့ နှလုံးသားထဲ ထည့်ပေးတော်မူပါ...
အခ်လားက်ရဲ့ အရည်အချင်း ချီးမြှင့်တော်မူပါအို_အလ္လာဟ်
ကျွန်တော်မျိုးမတို့ရဲ့ ဂျန်မာလ်ကို အလ္လာဟ် ဒီန်း အတွက် လက်ခံတော်မူပါ...
မကောင်းတဲ့ နေရာတွေမှာ သုံးစွဲမိပါတယ်...
ဒီနေ့က စပြီး ကောင်းတဲ့နေရာမှာပဲ သုံးမယ်လို့ အဇာအင်မ် လုပ်ပါတယ်...
အို_အလ္လာဟ်
နောက်ဆုံးအချိန် ကျွန်တော်မျိုးမတို့ကို ရာဇွီဖြစ်တော်မူပါ...
အလ္လာဟ် ကျေနပ်တော်မူပါ...
နောက်ဆုံး အချိန်အထိ ဒီန်းရဲ့ အသိုင်းအဝိုင်းမှာပဲ ထားတော်မူပါ...
သေခါနီး အချိန်မှာ ကလိမဟ်ကို ချီးမြှင့်တော်မူပါ...
ဟွစ်နေခါသေမဟ်ကို ချီးမြှင့်တော်မူပါ...အို_အလ္လာဟ်
ကျွန်တော်မျိုးမ အပါအဝင် ၊ ကျွန်တော်မျိုးမ မောင်နှမ , မိသားစု ၊ ကျွန်တော်မျိုးမ မိဘ အပါအဝင် ၊ ကျွန်တော်မျိုးမ အမျိုးအသိုင်းအဝိုင်းများ အားလုံးကို ယာအလ္လာဟ် အရှင်မြတ် အမိန့်တော် ခံယူတော်မူရာတွင် ဆိုးရွားစွာ အလ္လာဟ် အမိန့်ခံခြင်းမှ ဖယ်ရှားပေးတော်မူပါ ယာအလ္လာဟ်..
ချောချောမွေ့မွေ့နှင့် ညင်သာစွာ အလ္လာဟ် အမိန့် ခံယူနိုင်တဲ့ နစေ့ဖ် အလ္လာဟ်အရှင် ချီးမြှင့်ပေးတော်မူပါ...
အလ္လာဟ်အရှင်မြတ် အမိန့်တော် ခံယူပြီးတဲ့နောက်မှာလည်း ကဗရ် အာဇားဗ်မှ လွတ်ငြိမ်းခွင့်ပေးတော်မူပါ...
ကဗရ်ကို ကျယ်ဝန်းစေတော်မူပါ...
ဂျန္နသ်ရဲ့ တံခါးများကို ဖွင့်ပေးတော်မူပါ...
ကဗရ်ကို လင်းဝင်းစေတော်မူပါ...
မနက်ဖြန် ကေယာမသ်နေ့ကျရင် အလ္လာဟ်ရဲ့ အရှ်ရဲ့ အရိပ်အာဝါသ အောက်မှာ ထားတော်မူပါ...အို_အလ္လာဟ်
အအ်မာနာမာကို ညာဘက်မှ ချီးမြှင့်တော်မူပါအို_အလ္လာဟ်
အလ္လာဟ် ရှေ့မှာ ရပ်ရမယ်...
ကျွန်တော်မျိုးမတို့ လုပ်ထားသောအပြစ် အားလုံးပေါ်မယ်...
အလ္လာဟ် ကျွန်တော်မျိုးမရဲ့ အပြစ် ဂိုနဟ်တွေကို ဖုံးပေးတော်မူပါ...
ပွရ်ဆွေရားသ် တံတားမှ လျင်မြန်စွာ ဖြတ်ကူးနိုင်စွမ်း ပေးတော်မူပါ...အို_အလ္လာဟ်
ဂျန္နသွလ်ဖရ်ဒေါက်စ်ကို ချီးမြှင့်တော်မူပါ...
အလ္လာဟ်ရှီမှာ ဂျန္နသွလ်ဖရ်ဒေါက်စ်ကို တောင်းခံပါတယ်...
မထိုက်တန်ပါဘူး ယာအလ္လာဟ်...
သို့သော်.. အလ္လာဟ် နဗီက ဂျန္နသွလ်ဖရ်ဒေါက်စ်ကို တောင်းခိုင်းထားပါတယ်...အို_အလ္လာဟ်
အလ္လာဟ် ဂျဟန္နမ်ကနေ ဖယ်ရှားပေးတော်မူပါ...
အလ္လာဟ် ဒေါသကနေ ဖယ်ရှားပေးတော်မူပါ...
အလ္လာဟ် ကျွန်တော်မျိုးမအပေါ် အဇားဗ် မချလိုက်ပါနဲ့...
အလ္လာဟ်ရဲ့ ရဟ်မသ်တော်ကို မျှော်ကိုးပါတယ်...အို_အလ္လာဟ်
ကျွန်တော်မျိုးမတို့ရဲ့ တိုတောင်းလှတဲ့ ဘဝဇင်ဒဂီလေးထဲမှာ လိုအပ်ချက်တွေကို အလ္လာဟ် ဖြည့်ဆည်းပေးတော်မူပါ...
ကျွန်တော်မျိုးမတို့ရဲ့ စီးပွားရေးမှာ ဗရ်ကသ်ပေးတော်မူပါ ယာအလ္လာဟ်...
ကျန်းမာရေးမှာလည်း ဗရ်ကသ်ပေးတော်မူပါ
ယာအလ္လာဟ်...
ရိုဇီပေးတော်မူပါ ယာအလ္လာဟ်...
အို_အလ္လာဟ်
သူများရှေ့မှာ လက်မဖြန့်ရပါစေနဲ့...
သူများစီက မချေးငှါးရပါစေနဲ့...
သူများအရိပ် မခိုရပါစေနဲ့...အို_အလ္လာဟ်
ကျွန်တော်မျိုးမ သေပြီးနောက်လည်း သားသမီးတွေ သူများအရိပ်မခိုရပါစေနဲ့...
အလ္လာဟ်ရဲ့ ခဇာနဟ် အလွန်ပဲကြီးကျယ်ပါတယ်...
အလ္လာဟ်.. ကျွန်တော်မျိုးမကိုလည်း ပေးပါ...ပေးပါ...ပေးပါ...
အလ္လာဟ်မှ မပေးရင် ပေးမယ့်အရှင် မရှိပါဘူး...
အလ္လာဟ် ပေးပါ...အို_အလ္လာဟ်
အလ္လာဟ်အရှင် ဂနီပါ ယာအလ္လာဟ်...
ကျွန်တော်မျိုးမဟာ သူတောင်းစားပါ ယာအလ္လာဟ်...
တမန်တော် အမိန့်ရှိခဲ့တယ် ယာအလ္လာဟ်...
အလ္လာဟ်စီကနေ မတောင်းရင် အလ္လာဟ် စိတ်ဆိုးတော်မူတယ်တဲ့...
အို_အလ္လာဟ်
အခု အလ္လာဟ် စိတ်မဆိုးအောင်တောင်းနေပါပြီ
ယာအလ္လာဟ်..........
ရိုဇီထဲမှာ ဗရ်ကသ် ပေးတော်မူပါ ယာအလ္လာဟ်......
အရောင်းဝယ်မှာ ဗရ်ကသ်ပေးတော်မူပါ....ယာအလ္လာဟ်
အို_အလ္လာဟ်
ကျွန်တော်မျိုးမကို မွေးထုတ်ခဲ့တဲ့ မီခင်နဲ့
ကျွေးမွေးစောင့်ရှောင့်ခဲ့တဲ့ ဖခင်တို့အား ဒွန္နယာ
အာခိရသ် နှစ်ဌာန နှစ်ဘ၀စလုံး
ဂျန္နသ်သွလ် ဖီရ်ဒေါက်စ်ရဲ့ မြင့်မားသော အဆင့်တန်း
ချီးမြှင့်တော်မူပါ
အို_အလ္လာဟ်
ကျွန်တော်မှိုးမအား သန့်ရှင်းစင်ကြယ်သော
ဘ၀ဇင်ဒဂီကို ၄င်း၊ကောင်းမြတ်သောနီဂုံးကို ၄င်း
ပေးသနားတော်မူ၍ နောင်အာခီရသ်ဍ် အရှက်တကွဲ
အကျိုနည်းရမည့် အဖြစ်စိုးမှ ကယ်တင်စောင်မတော်မူပါ
အာမီးန်
Mg Kyaw Thet
www.blackmarketkm.blogspot.com
Saturday, June 3, 2017
❤မြန်မာ ဘာသာ ဖြင့် ဒိုအာတောင်းနည်း ❤
Posted by Mg Kyaw Thet |  at June 03, 2017
Tagged as: Islamic News

Write admin description here..
Search This Blog
Quibla Direction
User Online
User Online
0 comments: