Facebook User တစ်ယောက်ဖြစ်တဲ့ Alex Brutal Beckford ဆိုသူဟာ တစ်ညမှာ သူ့အိမ်ကို ပြန်လာရင်း အိုင်ဖုန်း တစ်လုံး ကောက်ရခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ ရိုးသားစွာနဲ့ပဲ သူ ကောက်ရတဲ့ အိုင်ဖုန်း ကို Siri ကနေ တစ်ဆင့် အသံနဲ့ အမိန့်ပေး စေခိုင်းပြီး ဖုန်းပိုင်ရှင်ရဲ့ အမေဆီကို ဖုန်းခေါ်ဖို့ ကြိုးစားခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ Alex က သူ့ရဲ့ဖေ့စ်ဘုတ်မှာ “ဒီညပဲ ကျွန်တော် အလုပ်ကနေ အိမ်ပြန်နေတုန်း အိုင်ဖုန်း တစ်လုံး ကောက်ရတယ်၊ အိုင်ဖုန်း မှာပါတဲ့ Siri စနစ်ကို အသုံးပြုပြီး ဖုန်းပိုင်ရှင် ရဲ့ အမေ ဆီကို ခေါ်ဖို့ လူကောင်းတစ်ယောက်အနေနဲ့ ကျွန်တော် ကြိုးစားကြည့်သေးတယ်၊ ဒါပေမဲ့ ဘက်ထရီ က Down နေတယ်၊ ဒါနဲ့ အရက်ဘားမှာ တစ်နာရီခွဲလောက် အချိန်ဖြုန်းနေရင်း ဖုန်းကာဗာ ကို ခွာကြည့်ဖို့ စိတ်ကူးမိတာနဲ့ အဲဒီမှာ သေတမ်းစာကို တွေ့တော့တာပဲ” လို့ ပို့စ်တင်ခဲ့ပါတယ်။
သေတမ်းစာ ထဲမှာ ရေးထားတာက “ဒါက ကျွန်ုပ်ရဲ့ သေတမ်းစာပါ၊ ဒီမှာ ထားခဲ့ရတဲ့ အကြောင်းအရင်း ကတော့ ဒီလိုထားပေးဖို့ ဘယ်သူမှ မရှိလို့ပါ၊
ဒီဖုန်းကို ကောက်ရတဲ့ သူစိမ်းတစ်ယောက်အနေနဲ့ အနည်းဆုံးတော့ ဒီစာကို ဖတ်ဖြစ်လိမ့်မယ် ထင်ပါတယ်၊ ဒီည ၁၁ နာရီ ၅၅ မိနစ်မှာ အားလုံးကို အဆုံးသတ်လိုက်ပါမယ်၊ အရာရာတိုင်းဟာ လှပနေပြီး အေးချမ်းနေမှာပါ” လို့ ရေးသားထားတာပဲ ဖြစ်ပါတယ်။
ဒီစာကို ဖတ်ပြီးပြီးချင်းမှာပဲ Alex ကလည်း တစ်ခုခုကို ချက်ချင်း လုပ်ရတော့မယ်ဆိုတာ သတိဝင်လာပြီး ဖုန်းပိုင်ရှင်ရဲ့ အသက်ကို မြန်နိုင်သမျှ မြန်မြန် ကယ်တင်နိုင်ဖို့၊ ဖုန်းကို အားသွင်းဖို့၊ ဖုန်းပိုင်ရှင် ရဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကို အမြန်ဆုံး ဆက်သွယ်ဖို့ သတိရသွားပါတယ်။
နောက်ဆုံးမှာ ဖုန်းပိုင်ရှင် ရဲ့ မိသားစုဝင် တွေနဲ့ သူငယ်ချင်းတွေကို ဆက်သွယ်မိပြီး သူတို့နဲ့ ချိတ်လို့ ဖုန်းပိုင်ရှင်ကို အချိန်မီကလေး ကင်တင်နိုင်ခဲ့ပါတယ်။
စာဖတ်ပရိသတ်ကြီး မျှော်လင့်စောင့်စားနေတဲ့ နေရာကတော့ အခုမှလာမှာပါ။
အဲဒါက ဘာလဲဆိုတော့ ဒီဖြစ်စဉ်အားလုံးနဲ့ ပတ်သက်ပြီး Alex က “အားလုံး အဆင်ပြေသွားပါပြီ၊ ကျွန်တော် တင်တဲ့ ပို့စ်က ပုံကြီးချဲ့ပြီး အားလုံးကို ပေါက်ကွဲစေချင်လို့ မဟုတ်ပါဘူး၊ ဘယ်သူ့ကိုမှ ကိုယ့်ကိုယ်ကိုယ် သေကြောင်း မကြံစည်စေချင်ပါဘူး၊ တကယ်လို့ အဲဒီလို ဖြစ်လာခဲ့ရင်လည်း ဖုန်းနံပါတ် 1-800-273-8255 ကို ခေါ်လိုက်ပါ၊ သေကြောင်း ကြံစည်မှုတွေကို ကာကွယ်ဖို့ ၂၄ နာရီ အချိန်ပြည့် အားပေးကူညီနေပါတယ်၊ ဒီ ဖုန်းနံပါတ် ကို လူသိများစေဖို့ သင်လည်း Share ပေးပြီး ကူညီနိုင်ပါတယ်” တဲ့ဗျာ..
Credit : phothutaw
0 comments: